မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)ယာယီမှ ၂၀၂၅-၂၀၂၈ အသိအမှတ်ပြုသတင်းစာဆရာကတ်ပြားပြုလုပ်ရန်အတွက် ကျောက်တံတားမြို့နယ်သတင်းစာဆရာအသင်းသို့ အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

ဗိုလ်တထောင် မတ် ၈

ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ်(၃၆၈)ရှိ ဗိုလ်တထောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟို(ယာယီ)မှ ကျောက်တံတားမြို့နယ် သတင်းစာဆရာအသင်းသို့ (၂၀၂၅-၂၀၂၈)အသိအမှတ်ပြု သတင်းစာဆရာကတ်ပြားပြုလုပ်ရန်အတွက် အဆိုပြုလွှာပေးအပ်ခြင်း အခမ်းအနားအား  ယမန်နေ့နံနက် ၁၁ နာရီက  ကျင်းပပြုလုပ်ခဲ့​ရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ကျောက်တံတားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမိုးထွေးဦးတက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌဒေါက်တာမွန်မြတ်က မြို့နယ်သတင်းစာဆရာအသင်းဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြပြီး အလုပ်အမှုဆောင်များနှင့်အဖွဲ့ဝင်များအား မိတ်ဆက်ပေးပြီး ဗဟိုအတွင်းရေးမှူး(၁)ဦးရဲရင့်စိုးညွန့်က ၂၀၂၅-၂၀၂၈ အသိအမှတ်ပြုသတင်းစာဆရာကတ်ပြားများပြုလုပ်ရန်အတွက် အဆိုပြုလွှာများကိုမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌထံသို့ပေးအပ်ပါသည်။

ထို့နောက် ဗဟိုစာရင်းစစ်မှူးဒေါ်သူဇာနွယ်က သတင်းစာဆရာအသင်းကြီး၏ အခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးမင်း၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်ခင်ဝင်းကြည်၊ ဗဟိုတွဲဖက်စာရင်းစစ်မှူးဒေါ်အေးအေးစိုး၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌစာရေးဆရာမကြီးညွန့်ညွန့်(ကလော)နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်မြို့နယ်သတင်းစာဆရာအသင်းဒုတိယဥက္ကဋ္ဌဦးဝေလင်းနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဝင်း