မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေးနေမှုကြည့်ရှုအားပေး

မော်လမြိုင် မတ် ၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ယမန်နံနက်ပိုင်းက ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး (ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် အသက် (၅၀)နှင့်အထက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး (ကုတင်၅၀၀)၌ ဆောင်ရွက်ပေးနေမှု အပေါ်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက် (၅၀)နှစ်အထက် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေးသောအထူးကု ဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆေးကုသမှုခံယူကြမည့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

မွန်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို နိုင်ငံဝန်ထမ်း အငြိမ်းစားများအပါအဝင် ဒေသခံပြည်သူများများကိုလည်း အခမဲ့ကွင်းဆင်ဆောင်ရွက်လျက် ပေးလျက်ရှိကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)