မော်လမြိုင်မြို့နယ်၌ မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင် မတ်

မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထား လိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု​အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အထိမ်း အမှတ် မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်တင်တင်ရီက အဖွင့်အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြန်မာ့သနပ်ခါးပင်၏ ဆေးဖက် ဝင်ပုံများ၊ မြန်မာ့ဓ‌လေ့နှင့်အညီ သနပ်ခါးအပေါ်ချစ်မြတ်နိုးမှု၊ အသုံးပြုမှုစသည်တို့နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)