ရန်ကင်း မတ် ၇
ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်တွင် မတ် ၉ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဓာတ်တော်ပွားများ ဝေငှလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်းဆုတောင်းပြည့်စေတီတော် အနောက်ဖက်တန်ဆောင်းတွင် မတ် ၉ ရက် နံနက် ၉ နာရီမှစတင်၍ ညနေ ၆ နာရီထိ လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ၌ ကိန်းဝပ်စံပါယ်လျက်ရှိသည့် မြတ်စွာဘုရားရှင်၏ အရောင်အဆင်းအမျိုးမျိုးရှိ ဓာတ်တော်မွေတော်များ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဗာကုလ၊ ရှင်သီလဝိ၊ ရှင်နာဂသိန်၊ အရှင်အနုရုဒ္ဓါ၊ အစရှိသည့် ဓာတ်တော်ပွားများကို မြင်းခြံမြို့ သာသနာ့ဇောတိကာရုံကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဏ္ဍာည တပည့် လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ ဆံတော်ရှင်ဓာတ်တော်တိုက်ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရ ကိုယ်တော်တိုင် ဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)