မုဒုံမြို့၌ နွေရာသီအားကစားနည်းသင်တန်း(၁၃)ခု အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

မုဒုံ မတ် ၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်း(၁၃)ခုကို  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ၊ မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်လူငယ်မောင်မယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေပြီး အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ပြည်နယ်အတွင်း အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားများကို စိတ်ပါဝင်စားပြီး  မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်ဝေးစေရန်အတွက် ရည်ရွယ်၍ အားကစားနည်း(၁၃)ခုကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်အား/ကာမှူး ဒေါ်နွယ်နီစံက ပြောသည်။

သင်ကြားပေးမည့် အားကစားနည်းများမှာ ဘောလုံးအားကစားနည်း၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊​ ဖူဆယ်ဘောလုံးအားကစားနည်း၊ ဘက်စကက်ဘော၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စစ်တုရင်၊ ရေကူးနည်းသင်တန်းစသည့် အားကစာနည်းများကို မတ်(၁၀)ရက်နေ့မှ ဧပြီ(၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)