ပြင်ဦးလွင်မြို့နယ် မြန်မာနိုင်ငံသစ်‌တောကျောင်းတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော‌ပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်း တောမီးနှင့် အခြားအကြောင်းအရင်း အမျိုးမျိုးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းအား လျှော့ချစေရန်၊ ကြိုတင်ကာကွယ်တားဆီးခြင်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူလူထုအတွင်း ပတ်၀န်းကျင် ထိန်းသိမ်းရေး အသိပညာရပ်များ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်‌ထောက် ညွှန်ကြား‌ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းက “မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာ၀န်ရှိသူများက Understanding PM 2.5 video clip ပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၈) မှ သင်တန်းသား (၇၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)