အင်းစိန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများထပ်ဆင့်ရှင်းလင်း

အင်းစိန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃+၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကားပြောကြားခဲ့ပြီး အင်းစိန်မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်ဇင်စုစုဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)