သာစည် မတ် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစားနည်းသင်တန်းများကို မတ် ၁၀ ရက်နေ့မှ စတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွန်းဦး ထံက သိရသည်။
အဆိုပါ သင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကရာတေးနှင့်ပြေးခုန်ပစ်အားကစားနည်းများကို အခြေခံမှစတင်၍ မတ်လကုန်အထိနေ့စဉ် ညနေ ၄ နာရီမှ ၅ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများသို့ စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍ သော်လည်း ကောင်း၊ ဖုန်း ၀၉၄၃၀၆၈၃၅၅ နှင့် ၀၉၇၇၉၉၅၃၅၃၂ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)