ပြင်ဦးလွင် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်း တောမီးနှင့် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းအား လျှော့ချစေရန်၊ ကြိုတင်ကာကွယ်တားဆီးခြင်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူလူထုအတွင်း ပတ်၀န်းကျင် ထိန်းသိမ်းရေး အသိပညာရပ်များ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၄) ညောင်နီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းက “အမျိုးသမီးများနှင့်သဘာ၀ပတ်၀န်းကျင်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပတ်၀န်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနမှ တာ၀န်ရှိသူများက Understanding PM 2.5 video clip ပြသခြင်းနှင့် အသိပညာ ပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်ကြီး (၁၄) ညောင်နီမှ ရပ်မိရပ်ဖ (၄၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)