တောင်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဆက်လက်ဖြေဆို

တောင်သာ မတ် ၇

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့ မတ်လ ၇ ရက်နေ့တွင် လူမှုရေးဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ Grade-5 ဖြေဆိုသူ ကျောင်းသား(၁၄၇၀)ဦး၊ ကျောင်းသူ (၁၄၈၄)ဦး၊ စုစုပေါင်း(၂၉၅၄)ဦးနှင့် Grade9 ဖြေဆိုသူ ကျောင်းသား(၉၅၀)ဦး၊ ကျောင်းသူ (၁၁၅၈)ဦး၊ စုစုပေါင်း(၂၁၀၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ (Grade-5, Grade-9) နှစ်ဆုံးစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)