တံတားဦး မတ် ၇
တံတားဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူများကို ယမန်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တံတားဦးခရိုင်တွင် တံတားဦးစာစစ်ဌာန၊ ချောင်းခွစာစစ်ဌာနနှင့် ငါန်းဇွန်စာစစ်ဌာနဟူ၍ သုံးခုရှိပါကြောင်း တံတားဦးစာစစ်ဌာန၌ (STEAMS - 1) တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝဘာသာတို့၌ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၂၉၇)ဦး၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၈၁)ဦး၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦး၊ တံတားဦးစာစစ်ဌာန၌ (STEAMS - 2) တွင် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဘောဂဘာသာတွင်၊ ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၁၇၅)ဦး၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၈၆)ဦး၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း (၁၇၉)ဦး ၊ တံတားဦး စာစစ်ဌာန၌ (STAMS - 1) တွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဘာသာတွင်၊ ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း(၂၈)ဦး၊ ချောင်းခွစာစစ်ဌာနတွင် ဖြေဆိုရန် ကျောင်းသား/သူ စုစုပေါင်း (၃၀)ဦး၊ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား/သူ စုစုပေါင်း(၉)ဦး ရှိပါကြောင်း၊ တံတားဦးခရိုင်အနေဖြင့် စာစစ်ဌာနသုံးခုတွင် (STEAMS - 1)၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၈၈)ဦး၊ (STEAMS - 2)၌ ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၄၄၀)ဦး၊ (STAMS-1) ဖြေဆိုရန် ကျောင်းသား/သူ၊ စုစုပေါင်း(၆၇)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည် ။
ရဲတင့် (ပြန်/ဆက်)