ကွန်ဟိန်း မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ တရုတ်စာသင်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရုပ်သံကျွမ်းကျင်-(၃)၊ ဒေါ်ထွေးထွေးခိုင်က စာဖတ်ရှိန်မြင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပြီး စာကြည့်တိုက်လက်ထောက်-(၃)၊ ဒေါ်သဲမာက အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် Mobile Library စနစ် ဖြင့် သုတ၊ရသ စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ စာအုပ်၊စာစောင်များဖတ်ရှုစေခြင်းများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗသုသုတများတိုးပွါးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)