ကျောက်ဆည်မြို့နယ်တွင် နို့စားနွား (၆၃၃) ကောင်အတွက် အစားဖိုးငွေ (၃၁၆.၅၀) သိန်းကျပ် ပေးအပ်

ကျောက်ဆည် မတ် ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်းသားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နို့စားနွားမွေးမြူခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်တာဝန်ရှိသူများက အဆိုပါ နို့စားနွားမွေမြူသည့် တောင်သူများအား နွားအစာဖိုးအဖြစ် နို့စားနွား (၁) ကောင်အတွက် ငွေကျပ် (၅) သောင်းနှုန်းဖြင့် နွားကောင်ရေ (၆၃၃) ကောင်အတွက် ငွေ(၃၁၆.၅၀) သိန်းကျပ်အား ပေးအပ်ခဲ့ပြီး တန်ဖိုးသင့် ဘက်စုံသီးနှံသုံးစမ်းဝတီသဘာဝမြေဩဇာများအား မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ နွားစားဖိုးများပေးအပ်ရာ၌ မြေစိုမိုးကောင်းကျေးရွာ အခြေခံသမဝါယမအသင်းသား တောင်သူ (၃၂) ဦး မွေးမြူထားသည့် နို့စားနွားကောင်ရေ (၄၀) ကောင်၊ အရှေ့ရွာနန်းကျေးရွာ အခြေခံသမဝါယမအသင်းသားတောင်သူ (၁၈) ဦး မွေးမြူထားသည့် နို့စားနွားကောင်ရေ (၁၀၅) ဦးကောင်၊ အရှေ့ရေပြားတောကျေးရွာ အခြေခံသမဝါယမအသင်းသား တောင်သူ (၁၉) ဦး မွေးမြူထားသည့် နို့စားနွားကောင်ရေ (၁၀၁) ကောင်၊ ဖျောက်ဆိပ်ပင်ကျေးရွာ အခြေခံသမဝါယမအသင်းသားတောင်သူ (၂၇) ဦး မွေးမြူထားသည့် နို့စားနွားကောင်ရေ (၂၂၀) ကောင်၊ သင်္ဂတုံကျေးရွာ အခြေခံသမဝါယမအသင်းသား တောင်သူ (၂၉) ဦး မွေးမြူထားသည့် နို့စားနွား ကောင်ရေ (၁၆၇) ကောင်၊  စုစုပေါင်းအသင်းသားတောင်သူ (၁၂၅) ဦး နို့စားနွားကောင်ရေ (၆၃၃) ကောင်အတွက် ငွေ (၃၁၆.၅၀) သိန်းကျပ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် တန်ဖိုးသင့် ဘက်စုံသီးနှံသုံး စမ်းဝတီသဘာဝမြေဩဇာများအား မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)