နမ့်စန်(တ) မတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မျိုးစေ့၊ မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီက ဟိုရမ်းကျေးရွာအုပ်စု၊ ကုန်းကျောင်းကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သွင်းအားစုများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဟိုရမ်းကျေးရွာအုပ်စုအတွင်းရှိ နောင်ဝုတ်၊ ကုန်းကျောင်းနှင့်နမ့်လင်းကျေးရွာတို့မှ တောင်သူ(၈၁)ဦးအား ပဲပုပ်မျိုးစေ့ ဧက(၅၀)စာ၊ နေကြာမျိုးစေ့(၅)ဧကစာနှင့် ယူရီးယားဓာတ်မြေဩဇာ(၅၀)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူပညာပေးဆွေးနွေးပွဲကို အဆိုပါ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)