မိုးနဲ မတ် ၇
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်မှ ကျောင်းသား ၄၈ ဦး၊ ကျောင်းသူ ၉၀ ဦး၊ စုစုပေါင်း ၁၃၈ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုင်းတောင်း(တုန်ဟုန်း)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စာစစ်ဌာနတစ်ခုစီ ဖွင့်လှစ်ထားရှိပြီး စာစစ်ဌာနနှစ်ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ဌာနဆိုင်ရာများက လုံခြုံရေး၊ မီးဘေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်စီမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)