ရပ်စောက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရပ်စောက် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များ‌ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင်  အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ဝန်ထမ်း/ ပြည်သူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ထောက်ပံ့ငွေများ စတင်ပေးအပ်မည်ဖြစ်ကြောင်း၊ ရပ်စောက်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူ (၃၀၉၉) ဦးရှိ‌ကြောင်း၊ အဆိုပါ နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်း လစဥ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် (၃) လတစ်ကြိမ်‌‌ ပေါင်း၍ထုတ်ပေးသွားမည်ဖြစ်‌ကြောင်းနှင့် နေရပ်လိပ်စာမှန်ကန်မှု‌ရှိစေရေး၊ စာရင်းဇယားများပြုစုရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ စိစစ်ပေးရန်လိုအပ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ယနေ့၌  မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၈) အုပ်စုမှ နေရပ်စွန်ခွာဝန်ထမ်း/ ပြည်သူ ၇၉၆ ဦးအား စုစုပေါင်းငွေကျပ် (၁၅၉၂၀၀၀၀)အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)