မိုင်းယောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ငွေကြေး‌ကောက်ခံမှုမရှိ‌စေရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်း မတ် ၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ငွေကြေး‌ကောက်ခံမှုမရှိ‌စေရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းခြင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စရပ်များဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပုံစံ(၁)ရေးဖြည့်မှု၊ ဆင့်ခေါ်စာများ မှတ်တမ်းထားရှိမှုတို့အား စစ်‌ဆေးခြင်း၊ အချိန်မီသတ်မှတ်အရေအတွက်ပြည့်မီရေး၊ ငွေကြေး‌ကောက်ခံမှုမရှိ‌စေရေး၊ မသမာမှုမဖြစ်စေရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအတိုင်းဆောင်ရွက်‌ရေးတို့ကို ဆွေးနွေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊  အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးနှင့် ရပ်ကွက်စာရင်းပြုစုရေးအဖွဲ့များ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)