ကျိုင်းတုံအကျဥ်းထောင်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ကျိုင်းတုံ မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ ယနေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သတိပြုဆောင်ရွက်ရမည့် အချက်များကို ကျိုင်းတုံအကျဉ်းထောင်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အသိပညာပေး‌ဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ Gas မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ/ မီးငြှိမ်းသတ်ခြင်းများကို အကျဉ်းဦးစီးဌာန တပ်ဖွဲ့ဝင်များ၊ လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)