ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား‌ပေးမည်

ကလော မတ် ၇

ကျောင်းသား/သူများအား နွေရာသီကာလ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ လူငယ်အနာဂတ် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် သားကောင်း၊ သမီးကောင်းများ ပေါ်ထွက်လာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီအားကစားသင်တန်း(၁/၂၀၂၅)ကို မတ်လ ၁၀ ရက်နေ့မှစ၍ ကလောမြို့အားကစားခန်းမနှင့် အောင်ပန်းမြို့အားကစားခန်းမတို့တွင် အခြေခံအားကစားနည်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအ‌ခြေခံအားကစားနည်းများဖြစ်သည့် ဘောလုံး၊ ကရာတေး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ အေရိုးဗစ်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊‌ နွေရာသီအခြေခံအားကစားနည်းများကို အသက် (၁၀)နှစ်မှ (၁၈) နှစ်အတွင်း တက်ရောက်သင်ကြားနိုင်ကြောင်း၊ အခြေခံသင်တန်းကို မတ်လ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပေးသွားမည်‌ဖြစ်ပြီး အဆင့်မြင့်သင်တန်းကို မတ်လ ၂၆ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)