မိုင်းယန်း မတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ သွားလာရခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် လက်ရှိအကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များနှင့်ပတ်သတ်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိအဖွဲ့ဝင်များမှ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ၁၀၀% ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး