လှိုင်သာယာ(အနောက်) မတ် ၇
မသန့်ရှင်းသောရေနှင့် လက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက လှိုင်သာယာ(အနောက်) ၁၃ ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များက ဈေးအတွင်းဈေးရောင်းဈေးသည်များကို လှည့်လည်၍ ရေမသန့်ရှင်း၊ လက်မသန့်ရှင်းလျှင် ရောဂါကူးစက်နိုင်ကြောင်း၊ ရောဂါဖြစ်လာလျှင် ဘယ်လိုလက္ခဏာများဖြစ်လာနိုင်ကြောင်း၊ ရောဂါကူးစက်မှုမဖြစ်နိုင်အောင် တစ်ကိုယ်ရည်သန့်ရှင်းခြင်း၊ လက်ကိုစနစ်တကျဆပ်ပြာနှင့်ဆေးကြောခြင်း၊ အစားအစာများကိုမကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီ၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုသန့်စင်အောင်ဆေးကြောလိုကြောင်းစသည့် အကြောင်းအရာများကို ကျန်းမာရေးအသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သန်း မြို့နယ် ပြန် / ဆက်