ရွှေပြည်သာမြို့နယ်၌ စာအုပ်လှူဒါန်းပွဲနှင့် ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ရွှေပြည်သာ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကော်မတီမှလှူဒါန်းသော စာအုပ်များအား ရပ်ကွက်‌/ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးနိုင်၊ အဖွဲ့ဝင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦး၊ အတွင်ရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီမှ လှူဒါန်းသော စာကြည့်တိုက်တစ်တိုက်လျှင် သုတ/ရသ စာအုပ်စာစောင်(၁၂၈)အုပ်နှုန်းဖြင့် စာကြည့်တိုက်(၈)တိုက်အား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ ကြီးမှူးဖွင့်လှစ်သော စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)တွင် အထူးဆုရရှိခဲ့သော ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက် လင်းရောင်ခြည်စာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဦးကျော်မျိုးသက်အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)