ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရွှေပြည်သာ မတ် ၆

ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက Community Centre ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဇော်မိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမရည်မွန်(ကျုံပျော်)တို့က မုဒိတာစကားပြောကြားပြီး Book Club အဖွဲ့ဝင်များက စာ‌ရေးဆရာဗန်းမော်တင်အောင်ရေးသားထားသော ငဩစာအုပ်အားဖတ်ကြားခဲ့သည်။

ဆက်လက်၍ ငဩစာအုပ်တွင် ဗြိတိသျှတို့အတွက်တော့ ငဩအမည်ရှိတဲ့လယ်သမားသူပုန်ကြီးတစ်ဦးပေါ့၊ သုံးဆယ်နယ်သားငဩ အနှိမ်ခံတောင်သူလယ်သမားများဘက်ကြည်ရင်တော့ သူရဲကောင်းကြီးငဩ၊ ရိုးမတောင်ခြေနားကအေးချမ်းစွာနေထိုင်တတ်တဲ့ ကရင်ရွာလေးများအကြောင်း၊ မြန်မာနိုင်ငံ၏လူများစုဖြစ်သောဆင်းရဲသားတောင်သူလယ်သမားများက ကယ်ပါယူပါတစာစာအော်ဟစ်မြည်တမ်းချိန်တွင် ကိုယ်ကျိုးမငဲ့မားမားမတ်မတ် တောင်သူလယ်သမားများဘက်က ရပ်တည်ခဲ့တဲ့သူရဲကောင်းကြီးငဩစသည့်တို့ကို Book  Club အဖွဲ့ဝင်များက ဖတ်ကြားခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)