ဗဟန်း မတ် ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ပူးပေါင်းဖွင့်လှစ်သော Community Engagement and Accountability (CEA)Focal Person Training ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မာလာဝင်းကအမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ National Society Development Delegate Ms. Francesca က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အလုပ်အမှုဆောင်နှင့်အတူ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်အိအိထွေး၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ညွှန်ကြားရေးမှူးဒေါက်တာဒေါ်လင်းလင်းသက်၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် တိုင်းဒေသကြီး/ပြည်နယ်များမှ CEA Focal Person ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် CEA Focal Person များထားရှိပြီး ကြက်ခြေနီလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် CEA လုပ်ငန်းစဉ်များကို ထည့်သွင်းချိတ်ဆက်ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် သင်တန်းကိုကျင်းပခြင်းဖြစ်ပြီး မတ်လ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ (၃)ရက်တာပြုလုပ်လျက်ရှိသည့် အဆိုပါသင်တန်းသို့တိုင်းဒေသကြီး/ပြည်နယ်များမှ CEA Focal Person ကြက်ခြေနီစေတနာလုပ်အားရှင်(၂၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)