ငပုတော မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယမန်နေ့က ကမ်းနီ ကျေးရွာအုပ်စုအရောက် ဆီများလှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဒေသခံပြည်သူများ စားအုန်းဆီများကို ဈေးနှုန်သက်သာစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများက Mobile စနစ်ဖြင့် ကျေးရွာများ အရောက်လှည့်လည်ရောင်းချပေးခြင်းဖြစ်ပြီး ဆီတစ်ပိဿာလျင် (၈၂၀၀) ကျပ်ဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၁ပိဿာ ၅၀ ကျပ်သားရောင်းချပေးခဲ့ပြီး စုစုပေါင်းဆီပိဿာချိန် (၅၅၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)