တောင်သာ မတ် ၆
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှစတင်ဖြေဆိုခဲ့ရာ ယနေ့ မတ်လ ၇ ရက်နေ့တွင် သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား နံနက် ၉ နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-5, Grade-9) ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ Grade-5 ဖြေဆိုသူကျောင်းသား (၁၄၇၀) ဦး၊ ကျောင်းသူ (၁၄၈၄) ဦး၊ စုစုပေါင်း (၂၉၅၄) ဦးနှင့် Grade-9 ဖြေဆိုသူကျောင်းသား (၉၅၀) ဦး၊ ကျောင်းသူ (၁၁၅၈) ဦး၊ စုစုပေါင်း (၂၁၀၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ (Grade-5, Grade-9) နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)