မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသက် (၂) လမှ (၅၉) လအထိ  က‌လေးငယ်များအား ပိုလီယို‌‌ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်

မြစ်သား မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများမှ ရပ်ကွက်/ ကျေးရွာများရှိ အသက် (၂) လမှ (၅၉) လအထိ က‌လေးငယ်များအား ပိုလီယို‌‌ကာကွယ်တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ မိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် ကာကွယ်ဆေးများ တိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးတိုက်ကျွေးရာတွင် ပိုလီယို‌‌ရောဂါကာကွယ်ဆေးတိုက်ကျွေးတိုက်ပြီးသော ကလေးငယ်များတွင် အပိုဆောင်းတိုက်ကျွေးခြင်းဖြင့် ပိုလီယိုကာကွယ်ဆေးလွမ်းခြုံမှုကို မြှင့်တင်ရန်၊ ကာကွယ်ဆေးလုံးဝမတိုက်ကျွေးရသော (သိုမဟုတ်) အကြိမ်ပြည့် မတိုက်ကျွေးရသောကလေးများကို ကာကွယ်ဆေးတိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားကွာဟချက်ကိုလျှော့ချရန်၊ ကာကွယ်ဆေးလွမ်းခြုံမှု ၁၀၀ ရာခိုင်နှုန်း ပြည့်ရရှိရန်နှင့် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ပြန့်နှံခြင်းကို တားဆီးခြင်းဖြင့် ကလေးများအားလုံး ပိုလီယိုရောဂါမှ ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ၆-၃-၂၀၂၅ ရက်နေ့မှ ၇-၃-၂၀၂၅ ရက်နေ့အထိ (၂) ရက်ကြာ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)