ကျောက်တန်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့မစျေးကြီးအတွင်း ရောင်းချနေကြသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် ယနေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်နှင့် မိခင်နှင့်ကလေးစောင်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
အလားတူ တိုက်နယ်ဆေးရုံ RHC (၁၀)ဌာနနှင့် Subcenter (၃၇)ဌာနရှိ ကျန်းမာရေးဝန်ထမ်းအားလုံးသည်လည်း သက်ဆိုင်ရာရွာအသီးသီးရှိ အစားအစာကိုင်တွယ်ရောင်းချသော ဆိုင်များကို တစ်ပြိုင်နက် ကျန်းမာရေးပညာပေးလျက်ရှိပြီး မသန့်ရှင်းသောရေနှင့်အစားအသောက်တို့မှ ကူးစက်တတ်သောရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေးပညာပေးခြင်း၊ ယင်၊ ပိုးဟပ်၊ ကြွက်ကင်းစင်ရေးစစ်ဆေးခြင်း အသုံးပြုသောရေများအား ကလိုရင်းခပ်ခြင်းများကို ရက်သတ္တပတ်တာ ဆောင်ရွက်မှုအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)