ခရမ်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့တွင် ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် သကျမာရဇိန်ကြေးသွန်းဘုရားကြီး၏ နှစ်(၁၀၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘုရားကြီး၏မုဒ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရမ်းမြို့နယ်သကျမာရဇိန်ကြေးသွန်းဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဒု-သာသနာရေးမှူး ဦးမင်းအောင်ရွှေဦး၊ ရောင်တော်ဖွင့်အဖွဲ့ဝင်များ၊ မြို့နယ်ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အလှူရှင်မိသားစုများတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား (တပေါင်းလဆန်း ၈ )ရက် (၆-၃-၂၀၂၅)နေ့မှစ၍ (၅)ရက်တိုင်ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး (တပေါင်းလဆန်း၁၄)ရက် (၁၂-၃-၂၀၂၅)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၃)ကျောင်းမှ ပင့်သံဃာတော် အရှင်သူမြတ်(၄၇ )ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူကြမည်ဖြစ်ကြောင်း သိရှိရသည်။
ခရမ်း(ပြန်/ဆက်)