မော်လမြိုင် မတ် ၆
M Rubber Company Limited ၏ မြန်မာခရမ့်ရာဘာထုတ်လုပ်ခြင်း စီမံကိန်း၏ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာအစီရင်ခံစာ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ စီမံကိန်းအကြောင်းအရာများရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်က အဖွင့်အမှာစကားပြောကြားပြီး M Rubber Company Limited ၏ စက်ရုံတာဝန်ခံမန်နေဂျာဦးအောင်ရဲကျော်က စီမံကိန်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အီးဂတ်ပတ်ဝန်းကျင်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်၏ အကြံပေးပုဂ္ဂိုလ် ဦးအောင်မြင့်မြတ်က ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး M Rubber Company Limited၏ စက်ရုံတာဝန်ခံ မန်နေဂျာဦးအောင်ရဲကျော်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)