ပင်လုံ မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပန်မုန့်ကမ္မဋ္ဌာန်းတိုက်၌ ကမ္မဋ္ဌာန်းတိုက်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်တရားပွဲတော်ကြီးကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ရွှေရတုကျောင်းဆောင်အောက်ထပ်တွင် ကျင်းပခဲ့သည်။
အဆိုပါတရားပွဲကြီးတွင် ဓမ္မမိတ်ဆွေပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်တို့အား ညီလာခံရွှေရတုကျောင်းဆောင်အောက်ထပ်သို့ ကြွရောက်ရန် ပင့်ဖိတ်ပြီး ရတနာမြတ်သုံးပါးကို ကန်တော့၍ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒသာသနဝိပုလ ဓာတ်တော်ကျောင်း(လွိုင်လင်မြို့)ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုအစုစုတို့ဖြင့် ဆက်အပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်နာကြားခြင်း၊ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ သာသနဝိပုလ ဓါတ်တော်ကျောင်း(လွိုင်လင်မြို့)ထံမှ ငါးပါးသီလခံယူပြီး အောက်ဖို့စ်ဆရာတော် ဒေါက်တာဓမ္မသာမိထံမှ အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှတမ်း ပေးဝေခဲ့ပါသည်။
ထို့နောက် (၅၉)ကြိမ်မြောက် မဟာသတိပဋ္ဌာန်းတရားပွဲတော်ကြီး(ရငွေသုံးငွေလက်ကျန်)စာရင်းရှင်းတမ်း ရှင်းလင်းတင်ပြ၍ ပွဲဖြစ်မြောက်ရေးကော်မတီမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဓမ္မမိတ်ဆွေပရိတ်သတ်အပေါင်းမှ ဆရာတော်သံဃာတော်များကို ပြန်လည်ကန်တော့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ (၅၉ )ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ပင်လုံကမ္မဋ္ဌာန်းတို့၏ (၅၀)နှစ်ပြည့် ရွှေရတုအထိမ်းအမှတ်တရားပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)