သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်စံပြဈေးအတွင်း မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

သင်္ဃန်းကျွန်း မတ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ငမိုးရပ်စံပြဈေးအတွင်း လိုက်လံစစ်ဆေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ငမိုးရိပ်စံပြဈေးအတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်များ သန့်ရှင်းသပ်ယပ်စွာရောင်းချရန်၊ သန့်ရှင်းသောရေအသုံးပြုကြရန်နှင့် ယင်နားမှုမရှိစေရေး အဖုံးအကာများထားရန်နှင့် ဈေးသည်နှင့် ဈေးဝယ်များအား အသည်းရောင်အသားဝါ (အေ) ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သိန်းအောင် (ပြန်/ဆက်)