သန်လျင်မြို့မစျေးကြီး၌ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချရေးကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၆

သန်လျင်ခရိုင် သန်လျင်မြို့မစျေးကြီး အတွင်း ရောင်းချနေကြသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် ယမန်နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင် မိခင်နှင့်ကလေးစောင်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စနစ်တကျရောင်းချရေး၊ အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးမှာကြားသည်။

ယင်းနောက် အစားအသောက်ရောင်းချသော စျေးသည်များနှင့် စျေးဝယ်လာပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)