ရွှေပြည်သာ မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အသည်းရောင်အသားဝါ(အေ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁၁)ရပ်ကွက် ပတ္တမြားဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်တို့က ပတ္တမြားဈေးရှိ ဈေးသူ/ဈေးသားများအား အသည်းရောင်အသားဝါ(အေ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)