ရန်ကုန် မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် သောက်သုံးရေနှင့် အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက အမှတ် (၃) ရပ်ကွက်အတွင်းရှိ Junction Mawtin Center သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်အတွင်းရှိ Junction Mawtin Center ၌ အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အစားအသောက်ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန် စီစဥ်ထားရှိမှု ရေသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Face mask ၊Apron ၊ Capနှင့် Glove များ ဖြန့်ဝေခြင်း၊ Hepatitis A အကြောင်း သိကောင်းစရာများအား ပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြိုနယ် (ပြန်/ဆက်)