တန့်ယန်း မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျေးလက်ကျန်းမာရေးဌာနခွဲမှ ယမန်နေ့ နံနက်ပိုင်းက မိုင်းကျိုင်ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာမှ တာဝန်ရှိသူက ကူညီဆောင်ရွက်ပေးပြီး ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဝန်ထမ်းများက ကျေးရွာအတွင်းရှိ အသက် (၅) နှစ်အောက် ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)