အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနား ပြုလုပ်

လှိုင်သာယာ မတ် ၆

သည်းရောင်အသားဝါဗိုင်းရပ် (အေ) ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တာဝန်ခံ Dr စန်းမာ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ မြိုနယ်အမျိုးသမီးရေးရဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်လင်က အမှာစကားပြောကြားပြီး၊ Dr စန်းမာက အသည်းရောင်အသားဝါ (အေ) ရောဂါကူးစက်မပြန့်ပွားစေရန် ကြိုတင်ကာကွယ်မည့် နည်းလမ်းများကို အသိပညာပေးပြောကြားခြင်း ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကူးစက်လာလျှင် ဖြစ်ပေါ်လာမည့် လက္ခဏာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် အသည်းရောင်အသားဝါ (အေ) ရောဂါကာကြိုတင်ကာကွယ်ပါ ကျန်းမာရေးအသိပညာပေး စာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သန်း (ပြန်/ဆက်)