လှိုင်သာယာ မတ် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်မှုဆောင်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ရေး ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ အင်းစိန်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဥက္ကဋ္ဌ ဦးကျော်သူနိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဥက္ကဋ္ဌ ဦးကျော်သူဝင်း (ခ) ဦးရွှေမန်းနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဒုဥက္ကဋ္ဌများ အလုပ်မှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ဘာသာပေါင်းစုံချစ်ကြည်ညီညတ်ရေးအဖွဲ့ တိုင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦက ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဖဘာသာ၊ ဟိန္ဒူဘာသာများမှ တက်ရောက်လာကြသူများက တဦးနှင့်တစ်ဦး ပေါင်းစပ်အလုပ်လုပ်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း ဘာသာရေးပဋိပက္ခများနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာတဲ့အချိန်မှာ ဘာသာပေါင်းစုံမှ ဘာသာဝင်များအချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်းနှင့်အတူ ခံယူချက်တွေ ယုံကြည်ချက်တွေနှင့် ငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်လိုကြောင်း ရှေ့လုပ်ငန်းစဥ်များကိုလည်း ပူးပေါင်းလုပ်ဆောင်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဘာသာပေါင်းစုံ အလုပ်မှုဆောင်ခန့်အပ်လွှာများကို ပေးအပ်ကြပြီး အင်းစိန်ခရိုင်၊ ဘာသာပေါင်းစုံဥက္ကဋ္ဌ ဦးကျော်သူနိုငက တက်ရောက်လာကြသူများကို ဂုဏ်ပြုကြိုဆိုစကားပြောကြားခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဥက္ကဋ္ဌ ဦးကျော်သူဝင်က ဘာသာပေါင်းစုံက အခမ်းအနားကို အလေးအနက်ထားပြီး တက်ရောက်လာကြသူများကို ကျေးဇူးတင်ကြောင်း မလိုလားအပ်တဲ့ ဘာသာရေးကိစ္စများမဖြစ်ရအောင်နှင့် နိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကို ငြိမ်းချမ်းလိုစေရန်တတ်နိုင်သည့်ဖက်မှ ပူးပေါင်းကူညီဆောင်ရွက်ကြမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သန်း (ပြန်/ဆက်)