မြစ်သားမြို့နယ်  လမ်းဂွကျေးရွာမှ ရွာသာလမ်းဆုံအထိ ရန်ကုန်-မန္တလေး ကားလမ်းဘေး(ဝဲ/ယာ) တစ်လျှောက်တွင်သန့်ရှင်းသာယာလှပစေရေးအတွက်သန့်ရှင်းရေးဆောင်ရွက်

မြစ်သား မတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လမ်းဂွကျေးရွာမှ ရွာသာလမ်းဆုံအထိ ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းဘေး  (ဝဲ/ယာ)တစ်လျှောက်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတစ်လျှောက်၌ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင်  စည်ပင်သာယာရေးအဖွဲ့များက လမ်းဂွကျေးရွာမှ ရွာသာလမ်းဆုံအထိ ရန်ကုန်-မန္တလေး လမ်းဘေး  (ဝဲ/ယာ) တစ်လျှောက်တွင် ခြုံနွယ်များ၊ မြတ်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့‌ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)