၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးနှင့် လစဉ်ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရမည်းသင်း  မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အဆင့်လုပ်ငန်းစွမ်း‌ဆောင်ရည်ဆု၊ မြို့နယ်အဆင့်သီးနှံစိုက်ပျိုးမှု အထူးဆုတို့ကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ရေကြီးရေလျှံမှုလျော့နည်းစေရေး၊ သဘာဝအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကိုရာထားချက်ပြည့်မီအာင် ဆောင်ရွက်ရေးနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်စပ်လျဥ်း၍ ဌာနဆိုင်ရာများနှင့်ပြည်သူပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းချပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အဆင့်လုပ်ငန်းစွမ်းဆောင်ရည်ဒုတိယဆုရ၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် မြို့နယ်အဆင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် အထူးဆုရရှိသည့် မြို့နယ်စိုက်ပျိုးရေးညှိုနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က ပျော်ဘွယ်မြိုနယ် စိုက်ပျိုးရေးညှိုနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးအား ဂုဏ်ပြုမှတ်တမ်းပးအပ်ချီးမြှင့်သည်။

ထို့နောက် ခရိုင်ပညာရေးမှူး (တာဝန်ခံ)မှ ခရိုင်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ဥပဒေနှင့်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိမှ မြို့တွင်းလမ်းပိုင်းများ၊ ရေနုတ်မြောင်းများ ချောင်းအတွင်းရွှံ့နွံနှင့် နုန်းများ ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကောင်းခရိုင်သာသနာရေးဦးစီးမှူးမှ သာသနာရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပးနိုင်မှုကိုလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် တာဝန်ရှိသူများကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)