ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး မီးခိုးမြူငွေညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးသီဟက မီးခိုးမြူငွေညစ်ညမ်းမှုအန္တရာယ်အကြောင်းများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်စိုးစံက အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအကြာင်းများကို ပညာပေး ဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ ရပ်ဖများ၊ ကျေးရွာပြည်သူများ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး အခမ်း အနား တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)