မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ရတနာပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် (မန္တလေး) ဘက်စုံမွမ်းမံပြုပြင်ထိန်းသိမ်းခြင်းအတွက် အလှူငွေများ လှူဒါန်း

ချမ်းအေးသာစံ မတ် ၆

အမရပူရခရိုင် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတီယစွယ်တော်မြတ်စေတီတော်(မန္တလေး) ဘက်စုံမွမ်းမံပြုပြင် ထိန်းသိမ်းခြင်းအတွက် အလှူရှင်များက စေတနာသဒ္ဓါတရားထိုက်တန်စွာဖြင့် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

မတ်လ (၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် စွယ်တော်မြတ် စေတီတော်(မန္တလေး) ဘက်စုံမွမ်းမံပြုပြင်ထိန်းသိမ်းခြင်းအတွက် အလှူရှင် ဦးစိုးနိုင်+ဒေါ်အေးအေးခိုင် မိသားစုက အလှူငွေကျပ် သိန်း ၃၀၀ ကို လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဗုဒ္ဓမြတ်စွယ်တော်ကိုအများပြည်သူ ဖူးမြော်ပူဇော်ခွင့်ရရှိရန်အတွက် တရုတ်ပြ ည်သူ့သမ္မတနိုင်ငံမှ ၁၉၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် မြန်မာနိုင်ငံသို့ ကြွချီတော်မူခဲ့ကြောင်း၊ အစိုးရနှင့်ပြည်သူတို့၏ ညီညွတ်သော သဒ္ဓါစွမ်းအား ကာယစွမ်းအား ဉာဏစွမ်းအားတို့ ပေါင်းစည်းပြီး မဟာဓမ္မရံသီကုန်း တော်မြတ်၌ ဉာဏ်တော် ၁၀၈ တောင် အမြင့်ဆောင်သော စွယ်တော်မြတ်စေတီကို ၁၉၉၅ ခုနှစ်တွင် ပန္နက်တော်တင်ကာ ၁၉၉၆ ခုနှစ်တွင် ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်အတူ ရွှေကြာသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ခဲ့ကြောင်း၊ ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတီယစွယ်တော်မြတ်စေတီတော် (မန္တလေး)ဘက်စုံမွမ်းမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်