မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းနှင့် နွေစပါးပျိုးခင်းများ အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

မြစ်သား   မတ်  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ်၊  မိုးကြိုဝါ စိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်း လုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီးတစ်ဦးချင်း ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါ ယမအသင်းပိုင်‌ငွေဖြင့် မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီး ပွား‌ရေးလုပ်ငန်းသမဝါယမအသင်း   အသင်းသားတောင်သူ ဒေါ်ငွေရီလေး  ကွင်းအ မှတ် ( ၅၃၄) က၊ ဦးပိုင်အမှတ် (၇၂/၁)ရှိ စိုက်ဧက (.၀၀) ဧကနှင့်ဦးဝင်းဘို ကွင်းအမှတ် (၅၃၄)/ ၊ဦးပိုင်အမှတ် (၂၅/၃)ရှိ စိုက်ဧက (.၀၀) ဧကတို့တွင် Rakka-999ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မ‌န္တလေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက တောင်သူဦးကြီးများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုးနည်း စနစ်များကိုစိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်‌ကြောင်း ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးပေးရန်လိုအပ် ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများ နှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ ပြီး ဝါစိုက်အသင်းသားတောင်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်းသိရသည်။ ဆက်လက်၍ မ‌န္တလေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည်‌  ရွှေကုန်းကျေးရွာရှိ ရွှေကုန်းစိုက်ပျိူရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူ ဦးသန်းမြင့်၏  ကွင်းအမှတ် (၄၉၇)က၊ ဦးပိုင်အမှတ် (၁၂/၁၀)ရှိ နွေစပါးပျိုးခင်း (.၂၅) ဧကတွင် ဆင်းသုခမျိုးပျိုးထောင်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။        

အဆိုပါကြည့်ရှုစစ်ဆေးရာသို့  မ‌န္တလေးတိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်း သားတောင်သူများကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)