မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာ‌တောင်ညွန့် မတ်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက် ၉ နာရီခွဲအချိန်က ကန်‌‌တော်လေး‌ (တောင်) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့‌နောက် မြို့နယ်လဝကဦးစီးမှုးဦးဆောင်၍ ဝန်ထမ်းများသည် ကန်တော်လေး (တောင်) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

‌အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး‌‌တင်အေးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြတ်မြတ် (ပြန်/ဆက်)