ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း  မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား ယနေ့ နံနက်  (၉)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-(၃)၊ ဒေါ်သဲမာက ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်အတွက် ရုပ်ပုံပြ၊ ပုံပြင်ပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာငှားခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗသုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)