မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ ပင်တလည်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် GW-11 နွေစပါး (၃) ဧက စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေး

ကျောက်ဆည် မတ် ၆

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူဦးကျော်ငွေထွန်း၏ ကွင်းအမှတ်၂၀၈(က)၊ ဦးပိုင်အမှတ်၂၆/၅ လယ်မြေ (၃) ဧကတွင် ကောက်စက်ဖြင့် GW-11 နွေစပါး စိုက်ပျိုး နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် မြို့နယ်သမဝါယမ အသင်းစုရုံးသို့ သွားရောက်ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံပြီး မြို့နယ်သမဝါယမဦးစီးဌာနလုပ်ငန်းများ အောင်မြင်ရေးနှင့် အခြေခံသမဝါယမအသင်းသားများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)