မင်္ဂလာဒုံ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြည်တော်သာရပ်ကွက်၊ ဝါယာလတ်ဈေးအတွင်းရှိ စားသောက်ဆိုင်များနှင့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ Terminal Shopping Mall ရှိ စားသောက်ဆိုင်များသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဝင်းမာနှင့် ကျန်းမာရေးဝန်ထမ်းများက ဈေးရောင်းချနေသူများအား သန့်ရှင်းလတ်ဆတ်သော အစားအစာများကို ရောင်းချရေး၊ အစားအစာများအား ယင်မနားစေရေး၊ လက်ကိုစနစ်တကျ စင်ကြယ်စွာဆေးကြောစေရေး၊ သောက်သုံးရေများအား ကလိုရင်းခတ်ထားသော ရေကိုသာသုံးစွဲစေရေးနှင့် အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများအား ဟောပြောပေးခြင်း၊ သောက်သုံးရေများအား ရေသန့်ဆေးပြားများ ခပ်ပေးခြင်း၊ ရေသန့်ဆေးကတ်များ ဖြန့်ဝေပေး၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (ကျန်းမာရေးဌာန) မှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)