ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနအနီးရှိ နေအိမ်နှင့် စျေးဆိုင်များအား မီးဘေးကြိုတင်ကာကွယ်‌ရေးစစ်ဆေး

ဘီးလင်း မတ် ၆

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မတ်လအတွင်းကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မီးလောင်မှု၊ မီးလန့်မှုမရှိစေရေး ကြိုတင်အသိပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်စာဖြေဌာန (၂) ခု ဖြစ်သော အ.ထ.က (ဘီးလင်း) နှင့် အ.ထ.က (ကန်သာယာ) စာဖြေဌာနအနီးရှိ နေအိမ်များနှင့် စျေးဆိုင်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)