အလုံမြို့နယ်၌ စားသောက်ဆိုင်များ၏ စင်တင်တေးဂီတလုပ်ငန်းလိုင်စင်များ ကွင်းဆင်းစစ်ဆေး

အလုံ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်ရှိ Sweet Rose စားသောက်ဆိုင်မှ စင်တင်တေးဂီတလုပ်ငန်းလိုင်စင် Unplugged (သက်တမ်းတိုး) လျှောက်ထားလာခြင်းအား ယမန်နေ့ နေ့လယ် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့​သည်။

ထိုသို့ စစ်​ဆေးရာတွင် Sweet Rose စားသောက်ဆိုင်အတွင်း ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်စေရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ၀တ်စားဆင်ယင်မှုများ မဖြစ်စေရေး၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ သုံးစွဲခြင်းများမရှိစေ‌ရေးစသည့် အချက် ၂၀ ပါစည်းကမ်းချက်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဒုတိယဗိုလ်မှူးကြီးဇော်၀င်း၊ အဖွဲ့၀င် (၂) ဦးမျိုးသန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးရှိန်းဝေမိုး၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ခရိုင်စုမှူး ဒေါ်မိမိလေး၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့၀င် (၁) ဗိုလ်မှူးဌေးကြွယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦး၀င်းဇင်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်အိအိမွန်တို့ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ယောဧရာ (ပြန်/ဆက်)