ကမာရွတ်မြို့နယ်၌ မသန့်ရှင်းသောရေနှင့် အစားအသောက်မှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရန်ကုန် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် သောက်သုံးရေနှင့် အစားအသောက်မှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိစျေးများ၊ အစားအသောက်ရာင်းချသည့် စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အစားအသောက်နှင့် ရေမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အစားအသောက်ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဥ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်း ရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask၊Cap၊Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း ရှိ၊ မရှိ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)